ပြိုင်ပွဲအချက်အလက်
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆
မာရသွန်ပြိုင်ပွဲ အမျိုးအစား (၃) မျိုးသတ်မှတ်ထားပါသည်။ မာရသွန် တစ်ဝက် ၂၁ ကီလိုမီတာ၊ စိန်ခေါ် ပြေးပွဲ ၁၀ ကီလိုမီတာနှင့် အပျော်တမ်းပြေးပွဲ ၅ ကီလိုမီတာ တို့ဖြစ်ပါသည်။ ပြိုင်ပွဲအမျိုးအစားအားလုံး၏ တာထွက်နှင့် ပန်းဝင်သည့်နေရာသည် သုဝဏ္ဏအားကစားရုံ အမှတ် (၁) တွင်ဖြစ်ပြီး အပြေးလမ်းကြောင်းများကြောင့် ရန်ကုန်မြို့၏ အထင်ကရနေရာများကို ဖြတ်သန်းမြင်တွေ့ရမည်ဖြစ်သည်။
| ပြိုင်ပွဲအမျိုးအစား | ပြိုင်ပွဲဝင်ကြေး | လျော့စျေး (မြန်မာနိုင်ငံသား) ဒီဇင်ဘာ ၇ ရက်နေ့ အထိသာ | ပြိုင်ပွဲဝင်ကြေး (နိုင်ငံခြားသား) | လျော့ဈေး (နိုင်ငံခြားသား) ဒီဇင်ဘာ ၇ ရက်နေ့ အထိသာ |
|---|---|---|---|---|
| တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) | ၁၂၀,၀၀၀ ကျပ် | ၁၀၂,၀၀၀ ကျပ် | ၂၀၀,၀၀၀ ကျပ် | ၁၇၀,၀၀၀ ကျပ် |
| စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) | ၇၅,၀၀၀ ကျပ် | ၆၃,၇၅၀ ကျပ် | ၁၅၀,၀၀၀ ကျပ် | ၁၂၇,၅၀၀ ကျပ် |
| အပျော်တမ်းပြေးပွဲ (၅ ကီလိုမီတာ) | ၆၅,၀၀၀ ကျပ် | ၅၅,၂၅၀ ကျပ် | ၁၀၀,၀၀၀ ကျပ် | ၈၅,၀၀၀ ကျပ် |
ပြည်တွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူများသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက်အထား စာရွက်စာတမ်း ပြသနိုင်ရမည်။ သက်သေအထောက်အထားစာရွက်စာတမ်း မပြသနိုင်ပါက နိုင်ငံခြားသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး နိုင်ငံခြားသား ပြိုင်ပွဲဝင်နှုန်းထား အတိုင်း ပြန်လည်ပေးဆောင်ရမည်။ မပေးဆောင်နိုင်ပါက မူလပေးသွင်းထားသော ပြိုင်ပွဲဝင်ခ ကို ပွဲစီစဉ်သူမှ ပြည်လည်ပေးအမ်းခြင်းမရှိဘဲ ပြိုင်ပွဲမှ နှုတ်ထွက်ရမည်ဖြစ်သည်။
မှတ်ချက်။ ။ ပြိုင်ပွဲဝင်ကြေးများသည် နိုင်ငံသားပေါ်တွင် မူတည်၍ ကွာခြားမည်။
ပွဲချိန်ဇယား
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆
- နံနက် ၅း၃၀
- တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)
- နံနက် ၆း၀၀
- စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ)
- နံနက် ၆း၃၀
- အပျော်တမ်း ပြေးပွဲ (၅ ကီလိုမီတာ)
*တာထွက်ချိန်များသည် အပြောင်းအလဲရှိနိုင်ပါသည်။
၂၀၂၆ ဆုကြေးများ
အနိုင်ရရှိသည့် အမျိုးသား / အမျိုးသမီး ဆုကြေးများ
တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) နှင့် စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) တွင် ထိပ်ဆုံးမှ ပန်းဝင်လာသူ အမျိုးသမီး နှင့် အမျိုးသား (၃) ယောက်စီကို ဆုကြေးငွေ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါသည်။
| တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) (အမျိုးသမီး/အမျိုးသား) | စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) (အမျိုးသမီး/အမျိုးသား) | |
|---|---|---|
| ပထမဆု | ၃,၀၀၀,၀၀၀ ကျပ် | ၁,၅၀၀,၀၀၀ ကျပ် |
| ဒုတိယဆု | ၂,၀၀၀,၀၀၀ ကျပ် | ၁,၀၀၀,၀၀၀ ကျပ် |
| တတိယဆု | ၁,၅၀၀,၀၀၀ ကျပ် | ၅၀၀,၀၀၀ ကျပ် |
| စတုတ္ထဆု - ဒသမဆု | ၅၀၀,၀၀၀ ကျပ် | ၂၀၀,၀၀၀ ကျပ် |
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်၏ တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)၊ စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) နှင့် ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲတွင် ပြီးဆုံးအောင် ပါဝင်သူများအားလုံးကို ဆုတံဆိပ်ပြား ပေးအပ်သွားမှာ ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ပစ္စည်းထုတ်ယူရန်
မိဘ/ အုပ်ထိန်းသူ၏ သဘောတူဝန်ခံချက် နှင့် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးဆိုင်ရာ သဘောတူညီချက်
စာရင်းပေးသွင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းများ
Q&As
စာရင်းပေးသွင်းခြင်းကို မည့်သည့်အချိန်တွင် ပိတ်ပါသလဲ။
Early bird အထူးလျှော့စျေးနှုန်းဖြင့် စာရင်းပေးသွင်းခြင်းကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၇ ရက်နေ့အထိ ပြုလုပ် နိုင်သော်လည်း လူဦးရေ အကန့်အသတ်များ ရှိပါသဖြင့် စောစီးစွာ စာရင်းပေးသွင်းကြရန် တိုက်တွန်းလိုက် ပါသည်။
ပွဲစဥ်အမျိုးအစားအလိုက် နေရာကျန်ရှိမှု အခြေအနေကို တရားဝင် Facebook စာမျက်နှာနှင့် Viber Channel တို့တွင် ကြေညာပေးသွားပါမည်။
၂၀၂၆ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်တွင် ယှဉ်ပြိုင်ရန် အနည်းဆုံး အသက်ဘယ်လောက် ရှိရမလဲ။
တစ်ဝက်မာရသွန်တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် အသက် ၁၆ နှစ်နှင့် အထက်ဖြစ်ရမည်။ စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ) တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် အသက် ၁၂ နှစ်နှင့် အထက်ဖြစ်ရမည်။ ၅ ကီလိုမီတာ တွင် ပါဝင်ယှဉ်ပြိုင် မည့်သူများသည် အသက် ၁၀ နှစ်နှင့် အထက်ဖြစ်ရမည်။ အသက် ၁၀ နှစ်အောက် ကလေးငယ်များသည် အုပ်ထိန်းသူတစ်ယောက်ပါမှသာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်များအနေဖြင့် မိဘ/အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပြီး အွန်လိုင်းမှ စာရင်းပေးသွင်းချိန်တွင် မိဘ/ အုပ်ထိန်းသူ မှ သဘောတူညီကြောင်းဖောင် (the Consent and Indemnity Form) ကို ဒေါင်းလုဒ်ဆွဲပြီး ဖြည့်စွက် လက်မှတ်ထိုးရန် လိုအပ်ပါသည်။ ထိုလက်မှတ်ရေးထိုးထားသည့် ဖောင်ကို ပြိုင်ပွဲဝင်ပစ္စည်း လာရောက် ထုတ်ယူသည့်နေ့တွင် ပွဲစီစဥ်သူထံ ပေးအပ်ရပါမည်။
မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရရှိထားသည့် ပြိုင်ပွဲဝင်များ/ ပြိုင်ပွဲဝင်ပစ္စည်း လာရောက်ယူသည့်နေ့တွင် သဘောတူညီကြောင်းဖောင် (the Consent and Indemnity Form) မပေးအပ်နိုင်သည့် ပြိုင်ပွဲဝင်များကို ပွဲစီစဥ်သူမှ ငြင်းပယ်ပိုင်ခွင့်ရှိသည်။
ပြိုင်ပွဲဝင်ကြေးကို မည်သို့ ပေးသွင်းနိုင်ပါသလဲ။ နာမည်စာရင်း ဘယ်လိုပေးသွင်းရပါမလဲ။
ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ကြေးအား ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်၏ တရားဝင် ဝဘ်ဆိုဒ် https://yomayangonmarathon.com/ မှ တဆင့် နာမည်စာရင်း ပေးသွင်းချိန်၌ ဝင်ကြေးကိုပါ ပေးသွင်းရမှာ ဖြစ်ပါသည်။ နိုင်ငံတကာအပြေးသမားများအနေဖြင့် Debit/Credit (VISA or JCB) ဖြင့် ပေးသွင်းနိုင်ပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် Wave Pay, AYA Pay, K Pay နှင့် MPU များမှ တဆင့် ပေးသွင်းနိုင်ပါသည်။
နာမည်စာရင်းပေးသွင်းရမည့် tikkat website တွင် အကောင့်မဖွင့်ဘဲ ဝင်ရောက် စာရင်းပေးသွင်းလို့ ရပါသလား။
နာမည်စာရင်းပေးသွင်းရာ၌ အီးမေးလ်လိပ်စာ မဖြစ်မနေရှိရန် လိုအပ်ပါသလား။
အီးမေးလ်လိပ်စာ တစ်ခုတည်းဖြင့် ဘယ်နှစ်ယောက်အတွက် စာရင်းပေးသွင်းလို့ ရပါသလဲ။
၂၀၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်အတွက် တစ်ယောက်ထက်ပို၍ (သို့) အဖွဲ့လိုက် စာရင်းပေးသွင်း လို့ ရပါသလား။
ပြိုင်ပွဲဝင်ခွင့်အတွက် စာရင်းပေးသွင်းခြင်း အောင်မြင်ကြောင်း ဘယ်လိုသိနိုင်ပါသလဲ။
စာရင်းပေးသွင်းပြီးနှင့် ပြိုင်ပွဲဝင်ကြေးပေးသွင်းပြီးနောက် ပြိုင်ပွဲဝင်ခွင့် အတည်ပြုချက်ကို ဘာကြောင့် မရရှိသေးတာလဲ။
အင်တာနက်လိုင်းပြတ်တောက်မှုကြောင့်/ (သို့) အီးမေးလ်လိပ်စာ ထည့်သွင်းရာတွင် မမှန်ကန်ခြင်းတို့ကြောင့် ဖြစ်နိုင်ပြီး ထိုသို့ဖြစ်ပေါ်လာပါက ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်သို့ အောက်ပါဖုန်းများမှ တဆင့် ဆက်သွယ်နိုင်ပါသည်။ ဖုန်းနံပါတ်- 09777411222 / 09785623921/ 09783421894
T-Shirt အရောင် ၊ ပြေးလမ်းကြောင်း ၊ ပြိုင်ပွဲဝင်ပစ္စည်း ထုတ်ယူရမည့် ကိစ္စများနှင့် ပတ်သက်၍ သိရှိနိုင်မလား?
T-Shirt ဆိုဒ်တွေ သိနိုင်မလား။
T-Shirt (For Adult)
| Measurement (cm) | S | M | L | XL | 2XL | 3XL | 4XL |
|---|---|---|---|---|---|---|---|
| Chest | 45 | 47.5 | 50 | 52.5 | 55 | 57.5 | 60 |
| Shirt Length | 62 | 65.5 | 69 | 71.5 | 74 | 76.5 | 78 |
| Shoulder Width | 40 | 42 | 44 | 46 | 48 | 50 | 52 |
T-Shirt (For Children)
| Measurement (cm) | 0 | 1 | 2 | 3 | 4 |
|---|---|---|---|---|---|
| Chest | 33 | 36 | 39 | 41 | 43 |
| Shoulder Width | 25 | 28 | 30 | 33 | 35 |
| Shirt Length | 46 | 48 | 51 | 56 | 58 |
စာရင်းပေးသွင်းပြီးနောက် ပြိုင်ပွဲတွင် မပါဝင်လိုပါက ပြိုင်ပွဲဝင်ကြေး ပြန်ရရှိနိုင်ပါသလား။
စာရင်းပေးသွင်းပြီးနောက် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထပ်မံဖြည့်စွက် ပြောင်းလဲ နိုင်ပါသလား။
စာရင်းပေးသွင်းပြီးနောက် ပြိုင်ပွဲအမျိုးအစားကို ပြောင်းလဲနိုင်ပါသလား။
စာရင်းပေးသွင်းခြင်းပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ဖြည့်စွက်ခဲ့ပြီးသော ပြိုင်ပွဲအမျိုးအစားကို ပြောင်းလဲနိုင် မည် မဟုတ်ပါ။
ပြိုင်ပွဲအမျိုးအစားတစ်ခုထက်ပို၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသလား။
စာရင်းပေးသွင်းပြီးနောက် ပြိုင်ပွဲဝင်ခွင့်ကို လွှဲပြောင်းပေးလို့ ရပါသလား။
၂၀၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ကို ဘယ်တော့ ကျင်းပပြုလုပ်မှာလဲ။
ပြိုင်ပွဲကို ဘယ်မှာကျင်းပမှာလဲ။
ပြိုင်ပွဲအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။
ပြိုင်ပွဲဝင်အမျိုးအစားတစ်ခုခြင်းစီရဲ့ တာထွက်ချိန်တွေက ဘယ်အချိန်တွေလဲ။
လက်ရှိတွင် သတ်မှတ်ထားသည့် တာထွက်ချိန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ တာထွက်ချိန်များ အပြောင်းအလဲ ရှိနိုင်ပါသည်။
- နံနက် ၅း၃၀ – တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)
- နံနက် ၆း၀၀ – စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ)
- နံနက် ၆း၃၀ – အပျော်တမ်း ပြေးပွဲ (၅ ကီလိုမီတာ)
ပြိုင်ပွဲကို သတ်မှတ်ချိန်အတွင်း ပြီးဆုံးခြင်းမရှိပါက ပန်းဝင်သူများအားချီးမြှင့်သည့် ပစ္စည်းများ ဥပမာ -ဆုတံဆိပ်ပြားကို ရရှိနိုင်ပါသလား။
စာရင်းပေးသွင်းခြင်းမရှိဘဲ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပါသလား။
ပြိုင်ပွဲကို စကိတ်စီးခြင်း၊ စက်ဘီးစီးခြင်း တို့ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသလား။
အိမ်မွေးတိရစ္ဆာန်ခေါ်လာလို့ရပါသလား။
ပြိုင်ပွဲမှာ ကိုယ်သောက်ဖို့ သောက်ရေ ယူလာလို့ ရပါသလား။
ပြိုင်ပွဲဝင်ပစ္စည်းဆိုတာဘာလဲ။
၂၀၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်၏ ပြိုင်ပွဲဝင်ပစ္စည်းကို ဘယ်အချိန် ဘယ်နေရာမှာ ထုတ်ယူရတာလဲ။
တာထွက်သည့်နေရာတွင် အထုတ်အပိုးထားရန် နေရာရှိပါသလား။
ပြေးလမ်းကြောင်းတစ်လျှောက်တွင် အကွာအဝေးအမှတ်အသားများ ထားရှိပါသလား။
ဆုပေးပွဲရှိပါသလား။
ဆုပေးပွဲ ရှိပါသည်။
ပြိုင်ပွဲဝင်တိုင်း၏ ပြိုင်ပွဲကြာချိန်ကို ဘယ်လိုတိုင်းတာသလဲ။
အချိန်တိုင်းကိရိယာကို ဘယ်လိုအသုံးပြုသလဲ။
ပြိုင်ပွဲရလဒ်ကို ပြိုင်ပွဲအပြီးဘယ်လိုသိနိုင်မလဲ။
စာရင်းပေးသွင်းထားသည့် ပြိုင်ပွဲအမျိုးအစားများတွင် အောင်မြင်စွာပန်းဝင်သည့် ပြိုင်ပွဲဝင်များကို အီလက်ထရောနစ်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ အီလက်ထရောနစ်လက်မှတ်များကို ပြိုင်ပွဲအပြီး တစ်လအတွင်း ဝဘ်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်။
ပြိုင်ပွဲကို သတ်မှတ်ချိန်အတွင်း ပန်းမဝင်သည့်သူများ နှင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရသူများအနေဖြင့် အီလက် ထရောနစ်လက်မှတ် ရရှိမည် မဟုတ်ပါ။ အီလက်ထရောနစ်လက်မှတ်များသည် စိန်ခေါ်ပြေးပွဲနှင့် တစ်ဝက် မာရသွန် ပြိုင်ပွဲဝင်များအတွက်သာ အကျုံးဝင်သည်။ အပျော်တမ်းပြေးပွဲသည် အချိန်ကန့်သတ်ထားသည့် ပြိုင်ပွဲမဟုတ်သည့်အတွက် အီလက်ထရောနစ်လက်မှတ်သည် အကျုံးမဝင်ပါ။
ပြိုင်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိ (သို့) ပန်းမဝင်ပါက ဘယ်လိုလုပ်မလဲ။
၂၀၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်အတွက် ပြိုင်ပွဲချိန် သတ်မှတ်ထားပါသလား။
၂၀၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်အတွက် သတ်မှတ်ထားသော ပြိုင်ပွဲချိန် (cut off time) မှာ အောက်ပါအတိုင်းဖြစ်သည်။ (တစ်ဝက်မာရသွန် – ၄ နာရီ / စိန်ခေါ်ပြေးပွဲ – ၂ နာရီ / အပျော်တမ်းပြေးပွဲ – ၁ နာရီ နှင့် မိနစ် ၃၀)
၂၀၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်အတွက် ဆုတွေက ဘာလဲ။
| တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) (အမျိုးသမီး/အမျိုးသား) | စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) (အမျိုးသမီး/အမျိုးသား) | |
|---|---|---|
| ပထမဆု | ၃,၀၀၀,၀၀၀ ကျပ် | ၁,၅၀၀,၀၀၀ ကျပ် |
| ဒုတိယဆု | ၂,၀၀၀,၀၀၀ ကျပ် | ၁,၀၀၀,၀၀၀ ကျပ် |
| တတိယဆု | ၁,၅၀၀,၀၀၀ ကျပ် | ၅၀၀,၀၀၀ ကျပ် |
| စတုတ္ထဆု မှ ဒသမဆု | ၅၀၀,၀၀၀ ကျပ် | ၂၀၀,၀၀၀ ကျပ် |
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ တွင် အားလုံးနဲ့ ပြန်လည်ဆုံတွေ့ကြရအောင်!
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ အကြောင်း
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။
အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ဆက်သွယ်ရန်
- နေရာ
သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁
- စုံစမ်းမေးမြန်းရန်
- အီးမေးလ်
ဘာသာစကား
Yoma Yangon International Marathon © 2026. All rights reserved.