ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲအား ၂၀၁၃ ခုနှစ်တွင်ပထမဆုံးအနေဖြင့် ပြိုင်ပွဲဝင် ၁၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်မြို့၏အကြီးမားဆုံးပြိုင်ပွဲတစ်ခုအဖြစ်နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ပြိုင်ပွဲဝင်ပေါင်း ၈၀၀၀ ကျော် ပါဝင်ဆင်နွဲခဲ့ပါသည်။
ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲသည် ရန်ကုန်မြို့၏ အကြီးမားဆုံးသော ပြိုင်ပွဲတစ်ခုအဖြစ် အသိအမှတ်ပြုခံရပြီး ပျော်ရွှင်စရာကောင်းသော ဖျော်ဖြေရေးအစီအစဉ်များ၊ ဧည့်ခံမှုများ၊ စနစ်ကျသောပြေးလမ်းကြောင်းများ နှင့် ပြည်တွင်းအပြေးသမားများသာမက နိုင်ငံတကာအပြေးသမားများကပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်သော ပြိုင်ပွဲတစ်ခုအနေဖြင့် အံ့သြဖွယ်ကောင်းးလောက်အောင် ကျင်းပနိုင်ခဲ့ပါသည်။“ကလေးငယ်များအတွက် ပြေးကြစို့”ဟူသည့် ဆောင်ပုဒ်အတိုင်း ကလေးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်မည်ဖြစ်ပါသည်။
နောင်လာမည့် (၈) ကြိမ်မြောက် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင်လည်း ပြိုင်ပွဲဝင်ပေါင်း ၁၂,၀၀၀ ကျော်ဖြင့် ရန်ကုန်မြို့သူမြို့သားများ တစ်စုတစ်ဝေးတည်း ပါဝင်ဆင်နွဲနိုင်မည်ဟု မျှော်မှန်းထားပါသည်။ လူငယ်များ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုများ ပြုလုပ်ရန် ပြိုင်ပွဲဝင်များထံမှ အလှူငွေများကို ကြိုဆိုလက်ခံပါသည်။အလှူငွေထည့်ဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်စာရင်းပေးသွင်းသည့်အချိန်တွင် လှူဒါန်းနိုင်ပါသည်။
ရရှိလာသည့် ရန်ပုံငွေများကို ပရဟိတအဖွဲ့အစည်း (၅)ခုသို့ လှူဒါန်းသွားမည်ဖြစ်သည်။