ရိုးမ-မန္တလေး
အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆
12K
runners
ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆
ရိုးမလုပ်ငန်းစုမှ ပထမဆုံးအကြိမ် မန္တလေးတွင် ပြုလုပ်မည့် ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်သည် အပြေးအားကစားကို ချစ်မြတ်နိုးသည့် အားကစားသမား များအား စိတ်ခွန်အား လှုံ့ဆော်အားပေးရန်နှင့် လူအဖွဲ့အစည်းများကို အကျိုးရှိစွာ ချိတ်ဆက်ပေးရန်အတွက် ရည်ရွယ်ပါသည်။ အပြေးသမားများ အနေဖြင့် ထူးခြားဆွဲဆောင်မှုရှိသည့် မန္တလေးမြို့၏ အထင်ကရ ရှုခင်းများကို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါသည်။
ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ နှင့်အတူ ဘာလို့ပြေးသင့်တာလဲ?

လူတိုင်း ချစ်ကြည်
ရင်းနှီးစွာ
ပါဝင်နိုင်ခြင်း

မိသားစုနှင့် အတူ
ပါဝင်
ယှဉ်ပြိုင်နိုင်ခြင်း

ပရဟိတ
အလှူများအတွက်
ပါဝင်နိုင်ခြင်း

မြို့၏ အထင်ကရ
ရှုခင်းများကို
တွေ့မြင်နိုင်ခြင်း
ပွဲစီစဥ်သူ
နောက်လာမယ့် ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်မှာ ပြန်လည်တွေ့ဆုံကြမယ်နော်!
ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။
အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် မန္တလေး၌ပါ တိုးချဲ့၍ ကျင်းပသွားမှာဖြစ်ပါသည်။
ဆက်သွယ်ရန်
- နေရာ
- စုံစမ်းမေးမြန်းရန်
- အီးမေးလ်
ဘာသာစကား
ပွဲစီစဥ်သူ
ဆက်သွယ်ရန်
သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁
၀၉ ၇၈၁ ၅၄၀ ၄၉၁ | ၀၉ ၄၄၇ ၆၃၃ ၅၇၃
info@yomayangonmarathon.com
Yoma Mandalay International Marathon © 2026. All rights reserved.
Yoma Mandalay International Marathon © 2026. All rights reserved.


