လှူဒါန်းခြင်း

မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်ကိုပုံဖော်ကြပါစို့

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁,၀၀၀ ကျော်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှစ၍ ရန်ကုန်မြို့၏ အကြီးမားဆုံးပြိုင်ပွဲ တစ်ခုအဖြစ်နှစ်စဉ် ကျင်းပခဲ့ရာ ၂၀၂၀ ခုနှစ်တွင် ပြိုင်ပွဲဝင်ပေါင်း ၁၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါသည်။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲသည် ရန်ကုန်မြို့၏ အကြီးမားဆုံးသော ပြိုင်ပွဲ တစ်ခုအဖြစ် အသိအမှတ် ပြုခံရပြီး ပျော်ရွှင်စရာကောင်းသော ဖျော်ဖြေရေးအစီအစဉ်များ၊ ဧည့်ခံမှုများ၊ စနစ်ကျသောပြေးလမ်းကြောင်းများ နှင့် ပြည်တွင်းအပြေးသမားများသာမက နိုင်ငံတကာအပြေးသမားများကပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်သော ပြိုင်ပွဲတစ်ခု အနေဖြင့် အံ့သြဖွယ် ကောင်းလောက်အောင် ကျင်းပနိုင်ခဲ့ပါသည်။ “ကလေးငယ်များအတွက် ပြေးကြစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ကလေးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေထောက်ပံ့ လှူဒါန်းမှုများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။

ကလေးငယ်များအတွက် ပြေးကြစို့” ဟူသည့် ဆောင်ပုဒ်ကိုသာ ဆက်လက် လက်စွဲပြု ကျင့်သုံးလျက် ယခု (၉) ကြိမ်မြောက် မာရသွန်ပွဲစဥ်မှ ရရှိလာမည့် ရန်ပုံငွေများကိုလည်း ကလေးသူငယ်၊ လူငယ်လူရွယ်နှင့် အနာဂတ်မျိုးဆက်သစ်များ၏ ဘဝပိုမိုကောင်းမွန်ရေးအတွက် လိုအပ်သည့် နေရာများတွင် ထောက်ပံ့သွားမှာ ဖြစ်ပါသည်။

လူငယ်များ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုများ ပြုလုပ်ရန် ပြိုင်ပွဲဝင်များထံမှ အလှူငွေများကို ကြိုဆို လက်ခံပါသည်။ အလှူငွေထည့်ဝင်လိုသူများ အနေဖြင့် ပြိုင်ပွဲဝင်စာရင်းပေးသွင်းသည့်အချိန်တွင် လှူဒါန်းနိုင် ပါသည်။ ရရှိ လာသည့် ရန်ပုံငွေ များကို ပရဟိတအဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဖြစ်သည်။

Step-in Step-up သင်တန်းကျောင်းအကြောင်း

Step-in Step-up သည် မြန်မာနိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး  ဒေသခံလူငယ်များအား အသက်မွေးဝမ်းကြောင်းသင်တန်း၊ လူမှုရေးနှင့်ဘဝဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများမှတဆင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိနိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ၎င်းပရိုဂရမ်များသည် လူကုန်ကူးမှု ကာကွယ်ရေးပညာပေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမြှင့်တင်ခြင်းကဲ့သို့သော လူငယ်တိုင်း၏ ကိုယ်ရေးကိုယ်သွေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများကို တိုးတက်ကောင်းမွန်စေရန် မြှင့်တင်ပေးလျက်ရှိသည်။ 

သက္ကရာဇ် ၂၀၃၀ တွင် မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါလုံးဝပပျောက်ရေး စီမံကိန်း

M2030 ဆိုသည်မှာ၂၀၃၀ ခုနှစ်မှာ အာရှတိုက်တွင် ငှက်ဖျားရောဂါ လုံးဝအမြစ်ပြတ် ပျောက်ကွယ်သွားရမည်ဆိုသည့် ရည်မှန်းချက်၏ အမှတ်တံဆိပ်နှင့် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ M2030 လှုပ်ရှားမှုကို လူထုအကြားပိုမိုသိရှိရန် နှင့် ငှက်ဖျားရောဂါ ပပျောက်ရေးအစီအစဉ်များအတွက် စီးပွားရေးလုပ်ငန်းများ၊ ဝယ်ယူသုံး စွဲသူများနှင့် ကျန်းမာရေး အဖွဲ့အစည်းများမှပူးတွဲ၍ မြန်မာနိုင်ငံနှင့် အာရှတိုက်က်တစ်လွှားတွင် အသိပညာပေးခြင်း၊ ရန်ပုံငွေရရှိရေးတို့အတွက် မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ငှက်ဖျားရောဂါကို စုပေါင်းတိုက်ထုတ်ကြပါစို့ ။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ တွင် အားလုံးနဲ့ ပြန်လည်ဆုံတွေ့ကြရအောင်!

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ အကြောင်း

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။ 

အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

ဆက်သွယ်ရန်

သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁

Yoma Yangon International Marathon © 2026. All rights reserved.