လှူဒါန်းခြင်း

လူမှုအသိုင်းအဝန်းအတွက် ပူးပေါင်း ပါဝင်ကြပါစို့

ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာမာရသွန် သည် “လူမှုအသိုင်းအဝိုင်းအတွက် ပြေးကြစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ်တွင် ပွဲဦးထွက် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ရိုးမလုပ်ငန်းစု၏ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသော ရည်ရွယ်ချက်နှင့်အညီ ပြေးပွဲမှ ရရှိလာမည့် ရန်ပုံငွေများကို နိုင်ငံတစ်ဝန်း လိုအပ်နေသည့် လူမှုအသိုက်အဝန်းများနှင့် ပရဟိတလုပ်ငန်းများအတွက် အသုံးပြုသွားမှာ ဖြစ်ပါသည်။

နောက်လာမယ့် ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်မှာ ပြန်လည်တွေ့ဆုံကြမယ်နော်!

ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။

အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် မန္တလေး၌ပါ တိုးချဲ့၍ ကျင်းပသွားမှာဖြစ်ပါသည်။

ဆက်သွယ်ရန်

သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁

ပွဲစီစဥ်သူ

ဆက်သွယ်ရန်

နေရာ

သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁

စုံစမ်းမေးမြန်းရန်

၀၉ ၇၈၁ ၅၄၀ ၄၉၁ | ၀၉ ၄၄၇ ၆၃၃ ၅၇၃

အီးမေးလ်

info@yomayangonmarathon.com

Yoma Mandalay International Marathon © 2026. All rights reserved.

Yoma Mandalay International Marathon © 2026. All rights reserved.