ရိုးမ -မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်အကြောင်း

ရိုးမ -မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်

ယခုနှစ် ပါဝင်မည့် လူဦးရေ ၁၀,၀၀၀ ကျော်

ခန့်မှန်းအ‌ရေအတွက်

ယခုနှစ် အပြေးသမားပေါင်း ၃,၀၀၀

ခန့်မှန်းအရေအတွက်

ယခုနှစ် ထောက်ပံ့ကူညီသူပေါင်း ၁၀,၀၀၀

ခန့်မှန်းအရေအတွက်

ပွဲစီစဉ်သူ

ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်ကို Yoma Strategic Holdings Ltd. (“Yoma Strategic”) မှ ကြီးမှူးပြီး First Myanmar Investment (“FMI”) နှင့် ပူးပေါင်း စီစဉ်ခြင်း ဖြစ်ပါသည်။ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်၏ ထုံးတမ်းစဥ်လာအတိုင်း ရိုးမ မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်သည် “လူမှုအသိုင်းအဝိုင်းအတွက် ပြေးကြစို့” ဟူသည့် ပရဟိတဆောင်ပုဒ်ကို လက်စွဲပြု၍ ပရဟိတလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လိုအပ်သော လူမှုအသိုင်းအဝိုင်းအတွက် ရန်ပုံငွေများဖြင့် ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်သည်။

ရိုးမလုပ်ငန်းစုအကြောင်း

ရိုးမလုပ်ငန်းစု (“Yoma Group”) သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ မော်တော်ယာဉ် နှင့် အကြီးစား စက်ပစ္စည်းကိရိယာများ၊ ကျန်းမာရေးဝန်ဆောင်မှု၊ စားသုံးသူ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်း ဖြစ်ပါသည်။ ၎င်း၏ လက်အောက်မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော Yoma Strategic Holdings နှင့် First Myanmar Investment တို့နှင့်အတူ ရိုးမလုပ်ငန်းစုသည် မြန်မာနိုင်ငံအနှံ့တွင် စီးပွားရေး လုပ်ငန်း များကို လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများအတွက် အကောင်းဆုံး မိတ်ဖက် အဖြစ် သတ်မှတ်ခြင်းခံရပါသည်။

Yoma Strategic Holdings Ltd. အကြောင်း

Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့်  Yoma Strategic Holdings Ltd သည်  မြန်မာနိုင်ငံတွင်  အိမ်ခြံမြေ၊ မိုဘိုင်းဘဏ္ဌာရေး ဝန်ဆောင်မှု၊ leasing ၊ စားသောက်ကုန်၊  မော်တော်ယာဉ်  နှင့်  အကြီးစား ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့်  ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်းဖြစ်ပါသည်။ Yoma Group ၏ မိတ်ဖက်အဖွဲ့အစည်းတို့ နှင့်အတူ Yoma Strategic သည် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးတွင်  လုပ်ကိုင်ရန် အတွက် လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းအဖြစ် လုပ်ကိုင်လျှက်ရှိပါသည်။ ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် စင်္ကာပူနိုင်ငံ၏ အုပ်ချုပ်မှုနှင့်  ပွင့်လင်းမြင်သာမှု  အရှိဆုံး ကုမ္ပဏီများအနက်  ထိပ်သီး ၅ ရာခိုင်နှုန်း တွင်ပါဝင်သည့်အပြင်  ၂၀၁၇ ခုနှစ်၏ အာဆီယံကုမ္ပဏီအုပ်ချုပ်မှုမှ  သတ်မှတ်သည့်  စင်္ကာပူ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၁၀၀ အနက် အဆင့်  ၁၅ တွင်ရပ်တည်ပြီး ၂၀၁၆ ခုနှစ်၏ စင်္ကာပူကုမ္ပဏီများ ဆုပေးပွဲတွင်  အကောင်းဆုံး စီမံခန့်ခွဲမှု  ဒါရိုက်တာအဖွဲ့ (ရွှေ) ဆု၊ ၂၀၂၂ ခုနှစ်တွင် အကောင်းဆုံး နှစ်ပတ်လည်အစီရင်ခံစာ (ငွေ) ဆု ၊ ၂၀၂၃ ခုနှစ်တွင် အကောင်းဆုံး ရင်းနှီးမြှုပ်နှံသူ ဆက်ဆံရေး (ငွေ) ဆုတို့ကိုလည်း ချီးမြှင့်ခြင်းခံရပါသည်။

First Myanmar Investment အကြောင်း

First Myanmar Investment Public Co., Ltd. (FMI) သည် အစုရှယ်ယာရှင် ထောင်ပေါင်းများစွာ ပါဝင်သည့် မြန်မာနိုင်ငံ၏အကြီးဆုံး အများပိုင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ် စတင် တည်ထောင်ချိန်မှစ၍ နှစ်စဉ် အမြတ်အစွန်း ရရှိခဲ့သည့် အစဉ်အလာ ရှိခဲ့ပါသည်။ လက်ရှိ FMI ၏ မဟာဗျူဟာ မှာ ငွေကြေးဝန်ဆောင်မှု၊ အိမ်ခြံမြေ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍတို့တွင် အဓိကထား လုပ်ဆောင်သည်။ ၂ဝ၁၆ ခုနှစ် တွင် FMI သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံးစာရင်းဝင်သည့် ကုမ္ပဏီဖြစ်လာခဲ့ပါသည်။

မွန်မြတ်တဲ့ ရည်ရွယ်ချက်ဖြည့်ဆည်းဖို့ ပြေးကြစို့

လူမှုအသိုင်းအဝိုင်းအတွက် ပြေးကြစို့

“ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသည့် လုပ်ငန်းစု၏ ရည်မှန်းချက်အတိုင်း ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်၏ အရေးကြီးသော ရည်ရွယ်ချက် တစ်ခုမှာ ထောက်ပံ့ လှူဒါန်းမှုအတွက် ရန်ပုံငွေရှာဖွေခြင်းပင် ဖြစ်ပါသည်။ ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန် ကျင်းပပြုလုပ် ပြီးနောက် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေ ထောက်ပံ့ လှူဒါန်းမှုများကို ပြုလုပ်သွားမှာပါသည်။ “လူမှုအသိုင်းအဝိုင်းအတွက် ပြေးကြစို့” ဆိုသည့် ဆောင်ပုဒ် အတိုင်း ရိုးမ အပြည်ပြည်ဆိုင်ရာ မာရသွန်မှ ရရှိလာသည့် ရန်ပုံငွေများကို သက်ဆိုင်ရာ လူမှုအကျိုးပြု အဖွဲ့အစည်းများသို့ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။

ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ တွင် အားလုံးနဲ့ ပြန်လည်ဆုံတွေ့ကြရအောင်!

ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။

အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် မန္တလေး၌ပါ တိုးချဲ့၍ ကျင်းပသွားမှာဖြစ်ပါသည်။

ဆက်သွယ်ရန်

သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁

Yoma Mandalay International Marathon © 2026. All rights reserved.