ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အကြောင်း
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်

ယခုနှစ် ပါဝင်မည့် လူဦးရေ ၁၀,၀၀၀ ကျော်
ခန့်မှန်းအရေအတွက်

ယခုနှစ် အပြေးသမားပေါင်း ၅,၀၀၀
ခန့်မှန်းအရေအတွက်

ယခုနှစ် ထောက်ပံ့ကူညီသူပေါင်း ၁၀,၀၀၀
ခန့်မှန်းအရေအတွက်

နိုင်ငံပေါင်း ၅၀ ကျော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့
၂၀၂၀ ခုနှစ် စာရင်းအရ

၅၄၁၃ > ၅၁၉၀ အမျိုးသမီးပြိုင်ပွဲဝင်သည် အမျိုးသားပြိုင်ပွဲဝင်ထက် ပိုမိုများပြား
၂၀၂၀ ခုနှစ် စာရင်းအရ
ပွဲစီစဉ်သူ
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ကို Yoma Strategic Holdings Ltd. (“Yoma Strategic”) မှ ကြီးမှူးပြီး First Myanmar Investment (“FMI”) နှင့် ပူးပေါင်း စီစဉ်ခြင်း ဖြစ်ပါသည်။ YYIM သည် ၎င်းတို့၏ “Run for Children” ဟူသည့် ပရဟိတဆောင်ပုဒ် အတိုင်း ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လိုအပ်သော ကလေးလူငယ်များအတွက် ရန်ပုံငွေများ ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်သည်။
ရိုးမလုပ်ငန်းစုအကြောင်း
ရိုးမလုပ်ငန်းစု (“Yoma Group”) သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ မော်တော်ယာဉ် နှင့် အကြီးစား စက်ပစ္စည်းကိရိယာများ၊ ကျန်းမာရေးဝန်ဆောင်မှု၊ စားသုံးသူ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်း ဖြစ်ပါသည်။ ၎င်း၏ လက်အောက်မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော Yoma Strategic Holdings နှင့် First Myanmar Investment တို့နှင့်အတူ ရိုးမလုပ်ငန်းစုသည် မြန်မာနိုင်ငံအနှံ့တွင် စီးပွားရေး လုပ်ငန်း များကို လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများအတွက် အကောင်းဆုံး မိတ်ဖက် အဖြစ် သတ်မှတ်ခြင်းခံရပါသည်။
Yoma Strategic Holdings Ltd. အကြောင်း
Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ မိုဘိုင်းဘဏ္ဌာရေး ဝန်ဆောင်မှု၊ leasing ၊ စားသောက်ကုန်၊ မော်တော်ယာဉ် နှင့် အကြီးစား ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်းဖြစ်ပါသည်။ Yoma Group ၏ မိတ်ဖက်အဖွဲ့အစည်းတို့ နှင့်အတူ Yoma Strategic သည် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးတွင် လုပ်ကိုင်ရန် အတွက် လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းအဖြစ် လုပ်ကိုင်လျှက်ရှိပါသည်။ ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် စင်္ကာပူနိုင်ငံ၏ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီများအနက် ထိပ်သီး ၅ ရာခိုင်နှုန်း တွင်ပါဝင်သည့်အပြင် ၂၀၁၇ ခုနှစ်၏ အာဆီယံကုမ္ပဏီအုပ်ချုပ်မှုမှ သတ်မှတ်သည့် စင်္ကာပူ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၁၀၀ အနက် အဆင့် ၁၅ တွင်ရပ်တည်ပြီး ၂၀၁၆ ခုနှစ်၏ စင်္ကာပူကုမ္ပဏီများ ဆုပေးပွဲတွင် အကောင်းဆုံး စီမံခန့်ခွဲမှု ဒါရိုက်တာအဖွဲ့ (ရွှေ) ဆု၊ ၂၀၂၂ ခုနှစ်တွင် အကောင်းဆုံး နှစ်ပတ်လည်အစီရင်ခံစာ (ငွေ) ဆု ၊ ၂၀၂၃ ခုနှစ်တွင် အကောင်းဆုံး ရင်းနှီးမြှုပ်နှံသူ ဆက်ဆံရေး (ငွေ) ဆုတို့ကိုလည်း ချီးမြှင့်ခြင်းခံရပါသည်။
First Myanmar Investment အကြောင်း
မွန်မြတ်တဲ့ ရည်ရွယ်ချက်ဖြည့်ဆည်းဖို့ ပြေးကြစို့
ကလေးများအတွက် ပြေးကြစို့
“ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသည့် လုပ်ငန်းစု၏ ရည်မှန်းချက်အတိုင်း ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၏ အရေးကြီးသော ကဏ္ဍတစ်ခုမှာ ထောက်ပံ့လှူဒါန်းမှုအတွက် ရန်ပုံငွေရှာဖွေခြင်းပင် ဖြစ်ပါသည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ကျင်းပပြုလုပ်တိုင်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ “ကလေးများအတွက် ပြေးကြစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ မှ ရရှိလာသည့် ရန်ပုံငွေများကို ပရဟိတအဖွဲ့အစည်းများသို့ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ တွင် အားလုံးနဲ့ ပြန်လည်ဆုံတွေ့ကြရအောင်!
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ အကြောင်း
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။
အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ဆက်သွယ်ရန်
- နေရာ
သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁
- စုံစမ်းမေးမြန်းရန်
- အီးမေးလ်
ဘာသာစကား
Yoma Yangon International Marathon © 2026. All rights reserved.