ပြိုင်ပွဲအချက်အလက်
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆
မာရသွန်ပြိုင်ပွဲ အမျိုးအစား (၃) မျိုးသတ်မှတ်ထားပါသည်။ မာရသွန် တစ်ဝက် ၂၁ ကီလိုမီတာ၊ စိန်ခေါ် ပြေးပွဲ ၁၀ ကီလိုမီတာနှင့် အပျော်တမ်းပြေးပွဲ ၅ ကီလိုမီတာ တို့ဖြစ်ပါသည်။ ပြိုင်ပွဲအမျိုးအစားအားလုံး၏ တာထွက်နှင့် ပန်းဝင်သည့်နေရာသည် သုဝဏ္ဏအားကစားရုံ အမှတ် (၁) တွင်ဖြစ်ပြီး အပြေးလမ်းကြောင်းများကြောင့် ရန်ကုန်မြို့၏ အထင်ကရနေရာများကို ဖြတ်သန်းမြင်တွေ့ရမည်ဖြစ်သည်။
ပြိုင်ပွဲအမျိုးအစား | ပြိုင်ပွဲဝင်ကြေး | လျော့စျေး (မြန်မာနိုင်ငံသား) ဒီဇင်ဘာ ၇ ရက်နေ့ အထိသာ | ပြိုင်ပွဲဝင်ကြေး (နိုင်ငံခြားသား) | လျော့ဈေး (နိုင်ငံခြားသား) ဒီဇင်ဘာ ၇ ရက်နေ့ အထိသာ |
---|---|---|---|---|
တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) | ၁၂၀,၀၀၀ ကျပ် | ၁၀၂,၀၀၀ ကျပ် | ၂၀၀,၀၀၀ ကျပ် | ၁၇၀,၀၀၀ ကျပ် |
စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) | ၇၅,၀၀၀ ကျပ် | ၆၃,၇၅၀ ကျပ် | ၁၅၀,၀၀၀ ကျပ် | ၁၂၇,၅၀၀ ကျပ် |
အပျော်တမ်းပြေးပွဲ (၅ ကီလိုမီတာ) | ၆၅,၀၀၀ ကျပ် | ၅၅,၂၅၀ ကျပ် | ၁၀၀,၀၀၀ ကျပ် | ၈၅,၀၀၀ ကျပ် |
ပြည်တွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူများသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက်အထား စာရွက်စာတမ်း ပြသနိုင်ရမည်။ သက်သေအထောက်အထားစာရွက်စာတမ်း မပြသနိုင်ပါက နိုင်ငံခြားသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး နိုင်ငံခြားသား ပြိုင်ပွဲဝင်နှုန်းထား အတိုင်း ပြန်လည်ပေးဆောင်ရမည်။ မပေးဆောင်နိုင်ပါက မူလပေးသွင်းထားသော ပြိုင်ပွဲဝင်ခ ကို ပွဲစီစဉ်သူမှ ပြည်လည်ပေးအမ်းခြင်းမရှိဘဲ ပြိုင်ပွဲမှ နှုတ်ထွက်ရမည်ဖြစ်သည်။
မှတ်ချက်။ ။ ပြိုင်ပွဲဝင်ကြေးများသည် နိုင်ငံသားပေါ်တွင် မူတည်၍ ကွာခြားမည်။
ပွဲချိန်ဇယား
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆
- နံနက် ၅း၃၀
- တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)
- နံနက် ၆း၀၀
- စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ)
- နံနက် ၆း၃၀
- အပျော်တမ်း ပြေးပွဲ (၅ ကီလိုမီတာ)
*တာထွက်ချိန်များသည် အပြောင်းအလဲရှိနိုင်ပါသည်။
၂၀၂၆ ဆုကြေးများ
အနိုင်ရရှိသည့် အမျိုးသား / အမျိုးသမီး ဆုကြေးများ
တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) နှင့် စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) တွင် ထိပ်ဆုံးမှ ပန်းဝင်လာသူ အမျိုးသမီး နှင့် အမျိုးသား (၃) ယောက်စီကို ဆုကြေးငွေ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါသည်။
တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ) (အမျိုးသမီး/အမျိုးသား) | စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) (အမျိုးသမီး/အမျိုးသား) | |
---|---|---|
ပထမဆု | ၃,၀၀၀,၀၀၀ ကျပ် | ၁,၅၀၀,၀၀၀ ကျပ် |
ဒုတိယဆု | ၂,၀၀၀,၀၀၀ ကျပ် | ၁,၀၀၀,၀၀၀ ကျပ် |
တတိယဆု | ၁,၅၀၀,၀၀၀ ကျပ် | ၅၀၀,၀၀၀ ကျပ် |
စတုတ္ထဆု - ဒသမဆု | ၅၀၀,၀၀၀ ကျပ် | ၂၀၀,၀၀၀ ကျပ် |
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်၏ တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)၊ စိန်ခေါ် ပြေးပွဲ (၁၀ ကီလိုမီတာ) နှင့် ၅ ကီလိုမီတာ အပျော်တမ်းပြေးပွဲတွင် ပြီးဆုံးအောင် ပါဝင်သူများအားလုံးကို ဆုတံဆိပ်ပြား ပေးအပ်သွားမှာ ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ပစ္စည်းထုတ်ယူရန်
စာရင်းပေးသွင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းများ
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ တွင် အားလုံးနဲ့ ပြန်လည်ဆုံတွေ့ကြရအောင်!
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ၂၀၂၆ အကြောင်း
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်လာခဲ့ပြီး အပြေးအားကစားသမားများ၊ ပံ့ပိုးကူညီသူများ၊ စေတနာ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုများ အတူတကွ စုပေါင်းပါဝင်ကြသည့် ကြီးကျယ်ခမ်းနားမှုအရှိဆုံး အားကစားပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။
အပြေးအားကစား ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပမှ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့၌ ၂၀၂၀ ခုနှစ်တွင် ရှစ်ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ဆက်သွယ်ရန်
- နေရာ
သည် ကမ်းပက်စ်၊ အမှတ် (၁)၊ ရုံးများရိပ်သာဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ ၁၁၄၀၁
- စုံစမ်းမေးမြန်းရန်
- အီးမေးလ်
ဘာသာစကား
Yoma Yangon International Marathon © 2026. All rights reserved.