၂၀၂၀ ပြိုင်ပွဲအမျိုးအစားများ
မာရသွန်ပြိုင်ပွဲ အမျိုးအစား (၄) မျိုးသတ်မှတ်ထားပါသည်။ မာရသွန် အပြည့် ၄၂.၁၉၅ ကီလိုမီတာ၊ မာရသွန် တစ်ဝက် ၂၁.၁ ကီလိုမီတာ၊ စိန်ခေါ်မာရသွန် ၁၀.၅ ကီလိုမီတာနှင့် အပျော်တမ်းမာရသွန် ၃ ကီလိုမီတာ တို့ဖြစ်ပါသည်။ ပြိုင်ပွဲအမျိုးအစားအားလုံး၏ တာထွက်နှင့် ပန်းဝင်သည့်နေရာသည် သုဝဏ္ဏဘူမိ Event Park တွင်ဖြစ်ပြီး အပြေးလမ်းကြောင်းများကြောင့် ရန်ကုန်မြို့၏ အထင်ကရနေရာများကို ဖြတ်သန်းမြင်တွေ့ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အမျိုးအစား | ||
---|---|---|
ပြည်တွင်းအပြေးသမား | ပြည်ပအပြေးသမား | |
အပြည့်မာရသွန် (၄၂.၁၉၅ ကီလိုမီတာ) | ၁၅,၀၀၀ ကျပ် | အမေရိကန်ဒေါ်လာ ၇၅ |
တစ်ဝက်မာရသွန် (၂၁.၁ ကီလိုမီတာ) | အမေရိကန်ဒေါ်လာ ၆၅ | |
စိန်ခေါ်မာရသွန် (၁၀.၅ ကီလိုမီတာ) | အမေရိကန်ဒေါ်လာ ၅၅ | |
အပျော်တမ်းအပြေး / လမ်းလျှောက်ပြိုင်ပွဲ (၃ ကီလိုမီတာ) | အမေရိကန်ဒေါ်လာ ၄၅ |
- ပြည်တွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူများသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထားစာရွက်စာတမ်း ပြသနိုင်ရမည်။ သက်သေအထောက်အထားစာရွက်စာတမ်း မပြသနိုင်ပါက နိုင်ငံခြားသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး နိုင်ငံခြားသား ပြိုင်ပွဲဝင်နှုန်းထားအတိုင်း ပြန်လည်ပေးဆောင်ရမည်။ မပေးဆောင်နိုင်ပါက မူလပေးသွင်းထားသော ပြိုင်ပွဲဝင်ခကို ပွဲစီစဉ်သူမှ ပြည်လည်ပေးအမ်းခြင်းမရှိဘဲ ပြိုင်ပွဲမှ နှုတ်ထွက်ရမည်ဖြစ်သည်။ မှတ်ချက်။ ။ ပြိုင်ပွဲဝင်ကြေးများသည် လူမျိုးပေါ်တွင် မူတည်၍ ကွာခြားမည်။
ပွဲအချိန်ဇယား
နံနက် ၅ နာရီ
အပြည့်မာရသွန်
နံနက် ၅း၃၀ နာရီ
တစ်ဝက်မာရသွန်
နံနက် ၆း၃၀ နာရီ
စိန်ခေါ်မာရသွန် (၁၀.၅ ကီလိုမီတာ)
နံနက် ၇း၃၀ နာရီ
အပျော်တမ်း၊ လမ်းလျောက် (၃ ကီလိုမီတာ)
*တာထွက်ချိန်များသည် အပြောင်းအလဲရှိနိုင်ပါသည်။
၂၀၂၀ ပြိုင်ပွဲဆုကြေး
အမျိုးသား / အမျိုးသမီး ဆုကြေးများ
အပြည့်မာရသွန်၊ တစ်ဝက်မာရသွန်နှင့် ၁၀ ကီလိုမီတာ စိန်ခေါ်မာရသွန် ပြိုင်ပွဲများအတွက် ထိပ်ဆုံးမှ ပန်းဝင်အနိုင်ရရှိသည့် အမျိုးသား ၃ ယောက်နှင့် အမျိုးသမီး ၃ ယောက်ကို ဆုကြေးများ ချီးမြှင့်သွားမည်။
အပြည့်မာရသွန် (၄၂.၁၉၅ ကီလိုမီတာ) အမျိုးသား / အမျိုးသမီး | တစ်ဝက်မာရသွန် (၂၁.၁ ကီလိုမီတာ) အမျိုးသား / အမျိုးသမီး | စိန်ခေါ်မာရသွန် (၁၀.၅ ကီလိုမီတာ) အမျိုးသား /အမျိုးသမီး | |
---|---|---|---|
ပထမဆု | အမေရိကန်ဒေါ်လာ ၂၇၀၀ | အမေရိကန်ဒေါ်လာ ၁၆၀၀ | အမေရိကန်ဒေါ်လာ ၈၀၀ |
ဒုတိယဆု | အမေရိကန်ဒေါ်လာ ၁၄၀၀ | အမေရိကန်ဒေါ်လာ ၉၀၀ | အမေရိကန်ဒေါ်လာ ၄၀၀ |
တတိယဆု | အမေရိကန်ဒေါ်လာ ၉၀၀ | အမေရိကန်ဒေါ်လာ ၅၀၀ | အမေရိကန်ဒေါ်လာ ၂၅၀ |
အသင်းလိုက်ဆုကြေးများ
အပြည့်မာရသွန် (၄၂.၁၉၅ ကီလိုမီတာ)၊ တစ်ဝက်မာရသွန် (၂၁.၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန် (၁၀.၅ ကီလိုမီတာ) နှင့် အပျော်တမ်းအပြေး / လမ်းလျှောက်ပြိုင်ပွဲ (၃ ကီလိုမီတာ) များတွင် ပြီးဆုံးအောင် ပါဝင်ဆင်နွှဲသော ပြိုင်ပွဲဝင်များအားလုံးသည် ဆုတံဆိပ်ရရှိမည်ဖြစ်သည်။ အပြည့်မာရသွန်ကို ပြီးဆုံးအောင် ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်များကို ဂုဏ်ပြုတီရှပ်တစ်ထည် ထပ်မံ ပေးအပ်မည်ဖြစ်သည်။
ပြိုင်ပွဲအမျိုးအစား | ဆုကြေး |
---|---|
အကြီးဆုံးအသင်းဆု | ဒိုင်းဆု ၁ဆု |
၂၁.၁ ကီလိုမီတာ အသင်း ၁ သင်း | ဒိုင်းဆု ၁ ဆု(ထိပ်ဆုံးမှ ပန်းဝင်သော အဖွဲ့ ၁ ဖွဲ့) |
၁၀.၅ ကီလိုမီတာ အသင်း ၁ သင်း | ဒိုင်းဆု ၁ ဆု (ထိပ်ဆုံးမှ ပန်းဝင်သော အဖွဲ့ ၁ ဖွဲ့) |
- အသင်းလိုက်ဆုအတွက် စာရင်ပေးသွင်းချိန်တွင် အသင်းအဖွဲ့နာမည်ကို ထည့်သွင်းဖော်ပြရမည်။
- အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ထိပ်ဆုံးမှပန်းဝင်သည့် ၅ ယောက်၏ အသင်းများသည် ၂၁.၁ နှင့် ၁၀.၅ ကီလိုမီတာတို့အတွက် အနိုင်ရရှိသည့်အသင်းများအဖြစ်သတ်မှတ်ပါသည်။
- အသင်းလိုက်ယှဉ်ပြိုင်မှုအတွက် အနိုင်ရရှိသူများကို ပွဲနေ့ ဆုချီးမြှင့်ချိန်တွင် ကြေညာသွားပါမည်။
- အခမဲ့ပါဝင်ယှဉ်ပြိုင်သည့် အသင်းအဖွဲ့များနှင့် ရိုးမနှင့် ဆက်နွယ်ပက်သက်သည့် အသင်းအဖွဲ့များကို ဆုချီးမြှင့်ခြင်းအတွက် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
ကံစမ်းမဲဆုပစ္စည်းများ

ဆုမဲများ | မော်ဒယ်လ် | အရေအတွက် |
---|---|---|
Garmin Sport Watch | Fenix5S | ၁ |
Garmin Sport Watch | Vivofit3 (ဆုမဲများကို ပွဲမတင်မီ ချီးမြှင့်ပါမည်။) | ၃ |

ပြိုင်ပွဲဝင်ပစ္စည်းထုတ်ယူရန်
ပြိုင်ပွဲမတိုင်မီ ပြိုင်ပွဲဝင်ပစ္စည်းထုတ်ယူရန် ပြိုင်ပွဲဝင်ဖြစ်ကြောင်းအတည်ပြုချက် Slip နှင့် နိုင်ငံသားမှတ်ပုံတင်(မြန်မာနိုင်ငံသားများသာ)/နိုင်ငံကူးလက်မှတ်(နိုင်ငံခြားသားများသာ) မိတ္တူယူဆောင်လာရမည်။
နေ့စွဲ : ၁၆ရက် မှ ၁၈ရက် ဇန်နဝါရီ ၂၀၂၀ ထိ
အချိန် : နံနက် ၉း၃၀ နာရီ မှ ညနေ ၄း၃၀ နာရီ ထိ
နေရာ : သုဝဏ္ဏဘူမိ (Event Park)
ပြိုင်ပွဲဝင်ပစ္စည်းများမှာ-

ပြိုင်ပွဲဝင် T-shirt

ပြိုင်ပွဲဝင်နံပါတ်ပြား

ပြိုင်ပွဲဝင်အိတ်

ပြိုင်ပွဲဝင်လမ်းညွန်စာအုပ်

အခြားလက်ဆောင်ပစ္စည်းများ
ပြိုင်ပွဲဝင်အားလုံးသည် ပြိုင်ပွဲဝင်ပစ္စည်းကို ထုတ်ပေးသည့်နေ့တွင်လာရောက်ထုတ်ယူရမည်။ အကယ်၍ပြိုင်ပွဲဝင်သည် ပြိုင်ပွဲဝင်ပစ္စည်းအား ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက ပြိုင်ပွဲဝင်၏ကိုယ်စားလာရောက်ထုတ်ယူနိုင်သည်။ ကိုယ်စားလာရောက်ထုတ်ယူသူသည် အောက်ပါစည်းမျည်းများအားလိုက်နာရမည်။
- ကိုယ်စားလှယ်လွှဲပြောင်းစာလက်မှတ် မိတ္တူ
- ပြိုင်ပွဲဝင်ဖြစ်ကြောင်းအတည်ပြုချက် Slip
- မှတ်ပုံတင်မိတ္တူ
၂၀၂၀ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အသက် (၁၈) နှစ်မပြည့်သေးသော ပြိုင်ပွဲဝင်များသည် မိဘ/ အုပ်ထိန်းသူမှ လက်မှတ်ရေးထိုးထားသည့် ခွင့်ပြုစာကို ပြိုင်ပွဲဝင်ပစ္စည်း လာရောက်ထုတ်ယူချိန်တွင် ပေးအပ်ရမည်။
နိုင်ငံခြားသားများ ပြိုင်ပွဲဝင်ပစ္စည်းထုတ်ယူရန်
ပြိုင်ပွဲဝင်ပစ္စည်းများကို အချိန်မှီလာရောက် မထုတ်ယူနိုင်သည့် နိုင်ငံခြားသား အပြေးသမားများအနေဖြင့် ပြိုင်ပွဲနေ့မနက်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
နေ့ရက် – ၁၉ရက် ဇန်နဝါရီလ ၂၀၂၀
အချိန် – နံနက် ၄နာရီ မှ ရနာရီထိ
တည်နေရာ – သုဝဏ္ဏဘူမိ(Event Park)
နိုင်ငံတကာအပြေးသမားများ
နိုင်ငံတကာအပြေးသမားများအတွက် ခရီးသွားသတင်းအချက်အလက်
ဗီဇာ
- နိုင်ငံတကာအပြေးသမားမျာားသည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် ဗီဇာလိုအပ်ပါသည်။
- နိုင်ငံတကာအပြေးသမားများအနေဖြင့် မြန်မာနိုင်ငံသံရုံးမှထုတ်ပြန်ထားသော ဗီဇာစဉ်းမျဉ်းစည်းကမ်းကို ကောင်းစွာနားလည်သဘောပေါက်ရမည်။
ဗီဇာ (Online မှတဆင့်လျောက်ထားခြင်း)၁ရက်၊ စက်တင်ဘာ၊၂၀၁၄ မှစ၍ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးမှ e-visa ထုတ်ပေးလျက်ရှိသည်။ E-visa လျောက်ထားခြင်း နှင့် အခြားသော သတင်းအချက်အလက်များကိုသိလိုပါက evisa.moip.gov.mm တွင်ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။
အငှားယာဉ်ဝန်ဆောင်မှုများ
ပြိုင်ပွဲဝင်များသည် အငှားယာဉ်အတွက် အောက်ပါ အငှားယာဉ်ဝန်ဆောင်မှုများထံ ဆက်သွယ်စီစဉ်နိုင်ပါသည်။
Golden Swallow Transport
Yangon Int’l Airport (Arrival), Infront of Seasons Hotel, Mingalardon Tsp, Yangon
09 73243361
GRAB
U Wisara Road, next to Denko Petrol Station Mimosa Condo, Sanchaung Tsp, Yangon
09 797046050
ငွေကြေး (ကျပ်ငွေ)
မြန်မာနိုင်ငံသည် ကျပ်ငွေကို အဓိကထားအသုံးပြုသည့်အတွက် အမေရိကန်ဒေါ်လာများကို ငွေလဲကောင်တာများတွင် လဲလှယ်နိုင်သည်။ အမေရိကန်ဒေါ်လာများကို ဟိုတယ်နှင့် ကားငှားခများအတွက် အသုံးပြုနိုင်သော်လည်း စားသောက်ဆိုင်များတွင် ကျပ်ငွေကို အသုံးပြုရန် လိုအပ်သည်။ အသုံးပြုမည့် အမေရိကန်ဒေါ်လာများတွင် မှင်ခြစ်ရာ၊ ညစ်ပတ်ခြင်း၊ ကြေမွခြင်းနှင့် စုတ်ပြဲခြင်းတို့မရှိဘဲ ကောင်းမွန်သော အနေအထားတွင် ရှိရမည်။ ရန်ကုန်မြို့နေရာ အနှံ့အပြားတွင်လည်း ငွေထုတ်စက်များကို တွေ့နိုင်သည်။
FAQs
၁၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၀ ခုနှစ်။
အပြည့်မာရသွန်နှင့် တစ်ဝက်မာရသွန်တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် ၁၆ နှစ်နှင့်အထက်ဖြစ်ရမည်။ စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် ၁၂ နှစ်နှင့် အထက်ဖြစ်ရမည်။ အပျော်တမ်းပြေးပွဲ (၃ ကီလိုမီတာ)တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် အသက် ၁၀ နှစ်နှင့် အထက်ဖြစ်ရမည်။ အသက် ၁၀ နှစ်အောက် ကလေးငယ်များသည် အုပ်ထိန်းသူတစ်ယောက်ပါမှသာ ပါဝင်ဆင်နွှဲနိုင်သည်။
ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ကြေးအား www.yomayangonmarathon.com မှတဆင့်ပေးသွင်းနိုင်ပါသည်။ နိုင်ငံတကာအပြေးသမားများအနေဖြင့် Debit/Credit (VISA or Master Card) ဖြင့်ပေးသွင်းနိုင်ပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် MPU cards, Wave Money နှင့် Convenience Store များမှတဆင့် ပေးသွင်းနိုင်ပါသည်။
မာရသွန်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ငွေပေးသွင်းခြင်းမပြုမီ သင်၏ MPU ကဒ်သည် အီးကောမတ်စ်အတွက် မှတ်ပုံတင်ထားခြင်းရှိ မရှိ စစ်ဆေးရန်လိုအပ်ပါသဖြင့် အောက်ပါ လင့်ခ်တွင်ကြည့်ရှု စစ်ဆေးနိုင်ပါသည်။
http://www.mpu-ecommerce.com/Payment/MPUOnlineEnrollment.aspx
MPU ကဒ်ကို အသုံးပြု၍ ငွေပေးသွင်းခြင်းသည် မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပါသည်။ ကဒ်နံပါတ်နှင့် သက်တမ်းကုန်ဆုံးမည့် ရက်စွဲတို့ကို ဖြည့်ပါ။ ထို့နောက် GET OTP ကိုိပ်ပါ။ သင်၏ MPU ဖုန်းနံပါတ် သို့မဟုတ် သင့်အီးမေးလ်လိပ်စာသို့ OTP ကုဒ်နံပါတ်ကို ပေးပို့လာပါမည်။ ထို့နောက် ငွေပေးသွင်းမှုပြီးဆုံး ကြောင်း CONFIRM PAYMENT ကို နှိပ်ပါ။
ပြိုင်ပွဲဝင်သည်ပြိုင်ပွဲဝင်ကြေးပေးသွင်းပြီးကြောင်း အတည်ပြုအကြောင်းကြားစာအား e-mail လက်ခံရရှိမည်ဖြစ်သည်။ အကယ်၍ အတည်ပြုအကြောင်းကြားစာ မရရှိပါက info@yomayangonmarathon.com သို့e-mail ပို့၍အကြောင်းကြားရမည်။
စာရင်းပေးသွင်းပြီးနောက်တွင် ပြိုင်ပွဲဝင်ကြေးကို မည်သည့်အကြောင်းပြချက်နှင့်ပင်ဖြစ်စေ ပြန်လည်ပေးအမ်းမည်မဟုတ်ပါ။
စာရင်းပေးသွင်းခြင်း ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ဖြည့်စွက်ပြီးခဲ့သော အချက်အလက်များကို ပြန်လည်ပြောင်းလဲနိုင်မည်မဟုတ်ပါ။
စာရင်းပေးသွင်းခြင်း ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ဖြည့်စွက်ခဲ့ပြီးသော ပြိုင်ပွဲဝင်အမျိုးအစားကို ပြောင်းလဲနိုင်မည်မဟုတ်ပါ။
ပြိုင်ပွဲဝင်တစ်ယောက်သည် ပြိုင်ပွဲအမျိုးအစားတစ်ခုတွင်သာ ပါဝင်ယှဉ်ပြိုင်နိုင်သည်။
အင်တာနက်လိုင်းပြတ်တောက်မှုကြောင့်ဖြစ်နိုင်ပြီး ထိုသို့ဖြစ်ပေါ်လာပါက ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်သို့ အောက်ပါဖုန်းများမှတဆင့်ဆက်သွယ်နိုင်ပါသည်။
ဖုန်းနံပါတ်- ၀၉- ၇၉၅၃၇၅၂၀၇၊ ၀၉- ၂၆၀၂၅၀၃၁၄၊ ၀၉- ၂၅၀၇၆၃၂၅၃
ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ပြိုင်ပွဲဝင်ခွင့်ကို အခြားသူများထံ လွှဲပြောင်းခြင်းများ လုံးဝ မပြုလုပ်ရပါ။
၁၉ရက်၊ ဇန်နဝါရီလ၊ ၂၀၂ဝခုနှစ်။
သုဝဏ္ဏဘူမိ(Event Park)၊ ရန်ကုန်မြို့။
ပြိုင်ပွဲဝင်အမျိုးအစား (၄) မျိုးရှိပါသည်။ ၎င်းတို့မှာ-
အပြည့်မာရသွန် (၄၂.၁၉၅ ကီလိုမီတာ)
တစ်ဝက်မာရသွန် (၂၁.၁ ကီလိုမီတာ)
စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ)
ရိုးမ အပျော်တမ်းပြေးပွဲ (၃ ကီလိုမီတာ)
ပြိုင်ပွဲဝင်အမျိုးအစားတစ်ခုခြင်းပေါ်မူတည်၍ တာထွက်ချိန်ပြောင်းလဲနိုင်ပါသည်။
ပြိုင်ပွဲကို သတ်မှတ်ချိန်အတွင်း ပြီးဆုံးခြင်းမရှိပါက ပန်းဝင်သူများအားချီးမြှင့်သည့် ပစ္စည်းများ ဥပမာ ဆုတံဆိပ်ပြားကို ရနိုင်မည်မဟုတ်ပါ။
စာရင်းပေးသွင်းပြီး ပြိုင်ပွဲဝင်နံပါတ်ပြား တပ်ဆင်ထားသူများသာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
ဘီးပါသော စက်ကိရိယာဖြစ်သည့် တွန်းလှည်းအမျိုးမျိုး၊ စကိတ်၊ စက်ဘီးနှင့် ဝှီးချဲအပြင် အခြားဘီးပါကိရိယာများကို ပြေးလမ်းများတွင် အသုံးပြုခွင့်မရှိပါ။ အဆိုပါပစ္စည်းများကို ပွဲစီစဉ်သူများမှ ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သည့် နေရာများနှင့် ဆေးဘက်ဆိုင်ရာယာဉ်များတွင်သာ အသုံးပြုနိုင်သည်။
အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် မြင်း၊ ခွေး၊ ကြောင် နှင့် အခြားတိရစ္ဆာန်များကို ပြိုင်ပွဲကျင်းပရာနေရာနှင့် ပြေးလမ်းများသို့ ခေါ်ဆောင်လာခြင်း မပြုရပါ။
ပြိုင်ပွဲဝင်ပစ္စည်းတွင် ပြိုင်ပွဲဝင်နံပါတ်ပြား၊ အချိန်တိုင်းကိရိယာ၊ ပွဲအချက်အလက်စာအုပ်နှင့် အခြားပစ္စည်းများပါဝင်သည့် ပြိုင်ပွဲဝင်ပစ္စည်းများ ပါဝင်သည်။
ပြိုင်ပွဲဝင်ပစ္စည်းကို (၁၆ မှ ၁၈) ရက်၊ ဇန်နဝါရီလ၊ ၂၀၂၀ ခုနှစ်တွင် ကျိုက္ကဆံအားကစားကွင်းတွင် နံနက် ၉:၃၀ မှ ညနေ ၄:၃၀ ထိ လာရောက်ထုတ်ယူနိုင်ပါသည်။
တာထွက်သည့်နေရာတွင် အထုတ်အပိုးထားရန် နေရာရှိပါသည်။
ပြေးလမ်းကြောင်းတစ်လျှောက်တွင် အကွားအဝေးအမှတ်အသားများထားရှိပေးပါသည်။
ဆုပေးပွဲရှိပါသည်။
အပြည့်မာရသွန်၊ တစ်ဝက်မာရသွန်နှင့် စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) ပြိုင်ပွဲဝင်များအတွက် ယှဉ်ပြိုင်မှုကြာချိန်ကို ပြိုင်ပွဲဝင်နံပါတ်ပြား နောက်ကျောတွင် ထည့်သွင်းထားသည့် အချိန်မှတ်ကိရိယာဖြင့် မှတ်တမ်းတင်ထားမည်ဖြစ်သည်။ အပျော်တမ်းပြေးပွဲ / လမ်းလျှောက်ပွဲအတွက် ယှဉ်ပြိုင်မှုကြာချိန်ကို မှတ်တမ်းတင်ထားမည် မဟုတ်ပါ။
ပြိုင်ပွဲဝင်များသည် အချိန်မှတ်ပစ္စည်းကို မှန်ကန်စွာ အသုံးပြုရန် လိုအပ်ပါသည်။ အပြည့်မာရသွန်၊ တစ်ဝက်မာရသွန်နှင့် စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) ပြိုင်ပွဲဝင်များသည် အချိန်မှတ်ပစ္စည်းကို မှားယွင်းစွာတပ်ဆင်ထားခြင်း (သို့) မတပ်ဆင်ထားပါက ၎င်းတို့၏ ယှဉ်ပြိုင်မှုကြာချိန်ကို မှတ်တမ်းတင်ထားနိုင်မည် မဟုတ်ပါ။ အချိန်မှတ်ပစ္စည်းကို အပျော်တမ်းပြေးပွဲ / လမ်းလျှောက်ပွဲအတွက် ထည့်သွင်းထားခြင်းမရှိပါ။
စာရင်းပေးသွင်းထားသည့် ပြိုင်ပွဲဝင်အမျိုးအစားများတွင် အောင်မြင်စွာပန်းဝင်သည့် ပြိုင်ပွဲဝင်များကို အီလက်ထရောနစ်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ အီလက်ထရောနစ်လက်မှတ်များကို ပြိုင်ပွဲအပြီး တစ်လအတွင်း ဝဘ်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်။ ပြိုင်ပွဲကို သတ်မှတ်ချိန်အတွင်း ပန်းမဝင်သည့်သူများ နှင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့်သူများအနေဖြင့် အီလက်ထရောနစ်လက်မှတ် ရရှိမည် မဟုတ်ပါ။ * အီလက်ထရောနစ်လက်မှတ်များသည် စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ)၊ တဝက်မာရသွန် (၂၁ ကီလိုမီတာ) နှင့် အပြည့်မာရသွန် (၄၂ ကီလိုမီတာ) ပြိုင်ပွဲဝင်များအတွက်သာ အကျုံးဝင်သည်။ အပျော်တမ်းပြေးပွဲ/လမ်းလျှောက်ပွဲ (၃ ကီလိုမီတာ) သည် အချိန်ကန့်သတ်ထားသည့် ပြိုင်ပွဲမဟုတ်သည့်အတွက် အီလက်ထရောနစ်လက်မှတ်သည် အကျုံးမဝင်ပါ။
ပြိုင်ပွဲဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိပါက နီးစပ်ရာအရေးပါ်ဌာနကို သွားရောက်အကူအညီတောင်းခံနိုင်ပါသည်။
၂၀၂၀ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်အတွက် သတ်မှတ်ထားသောပြိုင်ပွဲချိန်မှာ အောက်ပါအတိုင်းဖြစ်သည်။
အပြည့်မာရသွန် (၄၂.၁၉၅ ကီလိုမီတာ) (6 နာရီခွဲ)
တစ်ဝက်မာရသွန် (၂၁.၁ ကီလိုမီတာ) (၄ နာရီ)
စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) (၂ နာရီ)
အပြည့်မာရသွန် (၄၂.၁၉၅ ကီလိုမီတာ)အမျိုးသား / အမျိုးသမီး | တစ်ဝက်မာရသွန် (၂၁.၁ ကီလိုမီတာ)အမျိုးသား / အမျိုးသမီး | စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ)အမျိုးသား / အမျိုးသမီး | |
---|---|---|---|
ပထမဆု | အမေရိကန်ဒေါ်လာ ၂၇၀၀ | အမေရိကန်ဒေါ်လာ ၁၆၀၀ | အမေရိကန်ဒေါ်လာ ၈၀၀ |
ဒုတိယဆု | အမေရိကန်ဒေါ်လာ ၁၄၀၀ | အမေရိကန်ဒေါ်လာ ၉၀၀ | အမေရိကန်ဒေါ်လာ ၄၀၀ |
တတိယဆု | အမေရိကန်ဒေါ်လာ ၉၀၀ | အမေရိကန်ဒေါ်လာ ၅၀၀ | အမေရိကန်ဒေါ်လာ ၂၅၀ |