ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်

ယခုနှစ် ပါဝင်မည့် လူဦးရေ ၃၇,၀၀၀ ကျော်

ယခုနှစ် အပြေးသမားပေါင်း ၁၂,၀၀၀

ယခုနှစ် ထောက်ပံ့ကူညီသူပေါင်း ၂၅,၀၀၀

နိုင်ငံပေါင်း ၂၀ ကျော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့

၄၁၉၃ > ၄၀၆၆ အမျိုးသမီးပြိုင်ပွဲဝင်သည် အမျိုးသားပြိုင်ပွဲဝင်ထက် ပိုမိုများပြား
ပွဲစီစဉ်သူ
YYIM ကို Yoma Strategic Holdings Ltd. (“Yoma Strategic”) မှ ကြီးမှူးပြီး First Myanmar Investment (“FMI”) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့မှ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပါသည်။ YYIM သည် ၎င်းတို့၏ “Run for Children” ဟူသည့် ပရဟိတဆောင်ပုဒ်အတိုင်း ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ချို့တဲ့နွမ်းပါးသော ကလေးသူငယ်များအတွက် ရန်ပုံငွေများ ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်သည်။

ရိုးမလုပ်ငန်းစုအကြောင်း
ရိုးမလုပ်ငန်းစု (Yoma Group) မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ မော်တော်ယာဉ် နှင့် အကြီးစား စက်ပစ္စည်းကိရိယာများ၊ ကျန်းမာရေးဝန်ဆောင်မှု၊ စားသုံးသူ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်း ဖြစ်ပါသည်။ ၎င်း၏ လက်အောက်မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော Yoma Strategic Holdings နှင့် First Myanmar Investment တို့နှင့်အတူ ရိုးမလုပ်ငန်းစုသည် မြန်မာနိုင်ငံအနှံ့တွင် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများအတွက် အကောင်းဆုံးမိတ်ဖက်အဖြစ် သတ်မှတ်ခြင်းခံရပါသည်။
Yoma Strategic Holdings Ltd. အကြောင်း
Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ် နှင့် အကြီးစား ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်းဖြစ်ပါသည်။ Yoma Group ၏ မိတ်ဖက်အဖွဲ့အစည်းတို့နှင့်အတူ Yoma Strategic သည် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးတွင် လုပ်ကိုင်ရန်အတွက် လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းအဖြစ် လုပ်ကိုင်လျှက်ရှိပါသည်။ ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် စင်္ကာပူနိုင်ငံ၏ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီများအနက် ထိပ်သီး ၅ ရာခိုင်နှုန်း တွင်ပါဝင်သည့်အပြင် ၂၀၁၇ ခုနှစ်၏ အာဆီယံကုမ္ပဏီအုပ်ချုပ်မှုမှ သတ်မှတ်သည့် စင်္ကာပူ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၁၀၀ အနက် အဆင့် ၂၆ တွင်ရပ်တည်ပြီး ၂၀၁၆ ခုနှစ်၏ စင်္ကာပူကုမ္ပဏီများ ဆုပေးပွဲတွင် အကောင်းဆုံး စီမံခန့်ခွဲမှု ဒါရိုက်တာအဖွဲ့ (ရွှေ) ဆုကိုလည်း ချီးမြှင့်ခြင်းခံရသည်။
First Myanmar Investment အကြောင်း
First Myanmar Investment Public Co., Ltd. (FMI) သည် အစုရှယ်ယာရှင် ထောင်ပေါင်းများစွာပါဝင်သည့် မြန်မာနိုင်ငံ၏အကြီးဆုံး အများပိုင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ နှစ်စဉ် အမြတ်အစွန်း ရရှိခဲ့သည့် အစဉ်အလာ ရှိခဲ့ပါသည်။ လက်ရှိ FMI ၏ မဟာဗျူဟာ မှာ ငွေကြေးဝန်ဆောင်မှု၊ အိမ်ခြံမြေ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍတို့တွင် အဓိကထား လုပ်ဆောင်သည်။ ၂ဝ၁၆ ခုနှစ် တွင် FMI သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံးစာရင်းဝင်သည့် ကုမ္ပဏီဖြစ်လာခဲ့ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ယခင်ကမြန်မာနိုင်ငံ၏မြို့တော် ဖြစ်ခဲ့ပြီး နိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့၏ စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဦးစီးဌာနပေါင်း (၂၀)ရှိပြီး ၎င်း၏ ရုံးချုပ်သည် ရန်ကုန်မြို့တော်ခန်းမ၌ တည်ရှိပါသည်။ ကော်မတီဥက္ကဌသည် ရန်ကုန်မြို့တော်ဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ပထမဆုံးအကြိမ်မှစ၍ ယခုအဌမအကြိမ်မြောက် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ကျင်းပနိုင်အောင် အစဉ်တစိုက် ထောက်ပံ့အားပေးသည့်အတွက် ရန်ကုန်မြို့တော်စည်ပင်ကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
မွန်မြတ်တဲ့ ရည်ရွယ်ချက်ဖြည့်ဆည်းဖို့ ပြေးကြစို့
ကလေးများအတွက် ပြေးကြစို့
“ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန် ” ဟူသည့် လုပ်ငန်းစု၏ ရည်မှန်းချက်အတိုင်း YYIM ၏ အရေးကြီးသော ကဏ္ဍတစ်ခုမှာ ထောက်ပံ့လှူဒါန်းမှုအတွက် ရန်ပုံငွေရှာဖွေခြင်းပင် ဖြစ်ပါသည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်တိုင်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ “ကလေးများအတွက် ပြေးကြစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၀ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးမှ ရရှိလာသည့် ရန်ပုံငွေများကို ပရဟိတအဖွဲ့အစည်း ၅ ဖွဲ့သို့ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။
ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ကျင်းပခြင်းမှ ထောက်ပံ့လှူဒါန်းရန် ရွေးချယ်ထားသော အသင်းအဖွဲ့ များ
- ငွေနည်းသော မိသားစုများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖွင့်လှစ်သည့် အမြတ်အစွန်းအတွက်မဟုတ်သော နေ့ကလေးထိန်းကျောင်း၊
- မြန်မာနိုင်ငံ ကြက်ခြေနီအသင်း
- အားကစားနှင့် ကာယပညာ သိပ္ပံ
- သက္ကရာဇ် ၂၀၃၀ တွင် မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါလုံးဝပပျောက်ရေး စီမံကိန်း (အစမ်း)
- Jump/Beam ခေါင်းဆောင်မှု လူမှုရေးလုပ်ငန်း (အစမ်း)
